အသင်းဝင် နှစ်စဉ်ကြေး ငွေပေးချေခြင်းနည်းလမ်း
Last updated
Last updated
မှတ်ချက်- ဘဏ္ဍာနှစ်ဝက်ပြောင်းလဲထားသောကြောင့် အသင်းဝင်သက်တမ်းချိန်ညှိရန် အသင်းဝင်များအားလုံး ၂၀၂၅ ခုနစ်၊ မတ်လအထိ မဖြစ်မနေ သက်တမ်းတိုးရန်လိုအပ်ပါသည်။
အသင်းဝင် နှစ်စဉ်ကြေးပေးချေရန်အတွက် ငွေပေးချေမှုစာမျက်နှာပေါ်လာပါမည်။ MPU ကို ပုံပါအတိုင်းရွေးချယ်ပေးပါ။ (အသင်းဝင်အဟောင်းများသည် ကြွေးကျန်+အနည်းဆုံး နှစ်စဉ်ကြေး ၁နှစ်စာ ပေးသွင်း ရမည် ဖြစ်ပါသည်။)
မှတ်ချက်
MPU ဖြင့် ငွေပေးချေရန် မိမိတို့အသုံးပြုမည့် MPU Card များသည် E-Commerce လျှောက်ထားသော Card များဖြစ်ရပါမည်။ E-Commerce မလျောက်ထားရသေးပါက သက်ဆိုင်ရာဘဏ်သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
အသိပေးချက်အားဖတ်ရှုပြီး ကျသင့်ငွေကို စစ်ဆေးပြီးပါက Confirm ကိုနှိပ်ပါ။
မိမိ၏ MPU card ပါအချက်အလက်များကိုဖြည့်သွင်းပါ။ OTP ကိုတောင်းခံပါ။ သက်ဆိုင်ရာဘဏ်မှ OTP ကုဒ် ပို့ပေးလာပါမည်။ OTP ကိုဖြည့်သွင်းပါ။ ထို့နောက် Confirm Payment ကို နှိပ်ပါ။
MPU မှ ငွေပေးချေမှုအောင်မြင်ကြောင်း ပြပါက Continue ကို နှိပ်ပါ။ သက်ဆိုင်ရာဘဏ်မှ ငွေပေးချေမှုလက်ခံပြေစာ ပေးပို့မည်ဖြစ်ပါသည်။
(သတိပေးချက်) ငွေပေးချေမှုလုပ်ဆောင်နေကြောင်းပြနေချိန်တွင် အထက်ပါစာမျက်နှာကို လုံးဝ (လုံးဝ) မပိတ်လိုက်ပါနှင့်။ ငွေပေးချေမှုအောင်မြင်ပါက သက်ဆိုင်ရာဘဏ်မှ ငွေပေးချေမှုလက်ခံပြေစာ ပေးပို့မည်ဖြစ်ပါသည်။
MPU Portal အား ခေတ္တစောင့်၍ အထက်ဖော်ပြပါ ပုံအတိုင်း ပေါ်လာလျှင် Back အားနှိပ်၍ မူလစာမျက်နှာသို့သွားပါ။ ငွေပေးသွင်းမှုအောင်မြင်ကြောင်း Email လက်ခံရရှိမည်ဖြစ်ပါသည်။