Country of Origin Recommendation (CO) လျှောက်ထားခြင်း
https://member.mpbmsma.org/login သို့ဝင်ရောက်ပြီးပါက သက်တမ်းလက်ကျန်ရှိ အသင်းဝင်များသည် မိမိတို့၏ User Email နှင့် Password ဖြည့်စွက်ပြီး အထက်ဖော်ပြပါ ပုံအတိုင်း Login ကို နှိပ်၍ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။
(မှတ်ချက်) အသင်းဝင်များသည် CO ထောက်ခံချက် လျောက်ထားရန်အတွက် အသင်းဝင်အဖြစ် သက်တမ်းလက်ကျန် ရှိနေရမည် ဖြစ်ပါသည်။ သက်တမ်းကုန်ဆုံးနေပါက CO ထောက်ခံချက် လျှောက်ထားနိုင်မည်မဟုတ်ပါ။
အသင်းဝင်အဖြစ်သက်တမ်းရှိနေပါက User Dashboard သို့ရောက်ရှိသွားပါက CO ထောက်ခံချက်လျှောက်ထားရန်အတွက် အထက်ပုံပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည်။ CO Form နေရာကိုနှိပ်ပါ။
အထက်ပုံပါအတိုင်း CO Dashboard ကိုတွေ့ရမည်ဖြစ်ပါသည်။ CO ထောက်ခံချက်အသစ် လျောက်ထားရန် New CO Form ကိုနှိပ်ပါ။
အထက်ပုံပါအတိုင်း CO Form တွင် အချက်အလက်များကိုဖြည့်သွင်းပေးပါ။ (Attach file ကို PDF ဖြင့် ၁ခုလျှင် အများဆုံး 2MB အထိသာလက်ခံပါသည်)။
အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းပြီးပါက အမှတ်စဉ် (၃) တွင် စည်းကမ်းချက်များဖတ်ရှုပြီး နားလည်လက်ခံ သဘောတူပါက အမှန်ခြစ်ပေးပြီး အမှတ်စဉ် (၄) ပါအတိုင်း Submit ကိုနှိပ်ပါ။
(မှတ်ချက်) တစ်ခုထက်ပိုသော Commodity များပူးတွဲလျောက်ထားလိုပါက အထက်ပုံပါအတိုင်း Add ကိုနှိပ်၍ ဖြည့်သွင်း နိုင်ပါသည်။
CO Form ထောက်ခံချက် လျောက်ထားပြီးပါက CO လျောက်ထားကြောင်းနှင့် ငွေပေးချေရန် Email လက်ခံရရှိပါမည်။
CO From Dashboard သို့သွား၍ ပုံပါအတိုင်း မိမိလျောက်ထားခဲ့သော Pending ဖြစ်နေသည့် CO Form ID ၏ Payment နေရာတွင် Checkout ကိုနှိပ်၍ ငွေပေးချေပါ။
Last updated